Showing posts with label ဝေငှချက်များ. Show all posts
Showing posts with label ဝေငှချက်များ. Show all posts
Monday, November 29, 2010
Monday, November 15, 2010
ငရဲဆိုတာတကယ်ရှိသလား
by Rev.Saw Kay
အမှန်တကယ်ပင်ရှိပါသည်အပြစ်ဒဏ်ခံရာ ငရဲမီးအိုင်ရှိကြောင်း လူတိုင်း၏စိတ်ဝိညာဉ်၌ ယုံကြည်မှုရှိကြသည်။ ငရဲရှိသည်ဟု နှုတ်ဖြင့်လူရှေ့တွင် ဝန်မခံလိုသူများပင် အတွင်းဩတ္တပ၌ ငရဲရှိကြောင်းကို သေသေချာချာ သိကြပါသည်။ သို့သော် လူအများမှာ အပြစ်ဒဏ်ခံရာ ငရဲအကြောင်းကို မစဉ်းစားလိုကြပေ။ အကြောင်းမှာ မိမိတွေ့ကြုံခံစားရမည့် ဘေးဒဏ်ကို တင်ကြိုမစဉ်းစာ ဝန့်သောကြောင့်တကြောင်း၊ အချို့မှာ နောင်တမလွန်ထက် လတ်တလောအရေးကို ဦးစားပေးသောကြောင့်တကြောင်း ငရဲ၏အဖြစ်မှန်ကို ရှာဖွေလေ့လာခြင်း မရှိကြချေ။ ငရဲရှိကြောင်းဘုရားသခင် နှုတ်ြွမက်တော်မူသည့်သမ္မာကျမ်းမှ အထောက်အထား(၃)ချက်ကို လေ့လာပါမည်။ အကြောင်းမှာ မမှားယွင်းနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်သာ စစ်မှန်တိကျသောအဖြေကို ပေးနိုင်၍ လေ့လာ ယုံကြည်သင့်ပါသည်။
(က) အသိအာရုံဖြင့် ဒုက္ခခံရမည်
ငရဲတွင် အပြစ်သားတို့သည် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အသိအာရုံ(၆)ပါးဖြင့် ဒုက္ခဝေဒနာ ခံစားရမည့်အကြောင်း အရှင်ယေရှုဘုရားကိုယ်တိုင် ကျွန်ုပ်တို့ကို သတိ ပေးခဲ့သည်(မ၁၀း၂၈။၁၃း၄၁၊၄၂)။ အထက်ပါစကားများသည် မေတ္တာ၊ ဂရုဏာ ရှင် ယေရှုဘုရား ၏ သတိပေးစကားများ ဖြစ်သောကြောင့် အချို့လူများ ယူဆသကဲ့သို့ ခြောက်လှန့်တာ ဟု ခံယူလျှင် အဘယ်မျှ မိုက်မဲရာကျမည်နည်း
နောင်တမလွန်ဘဝအတွက် ထာဝရဘုရားကို အားမကိုးခဲ့သော သူဋ္ဌေးတဦးသည် ငရဲတွင် (ပူလောင် ဆာငတ်၊ သိ၊ မြင်၊ သတိယ သည့်) အသိအာရုံများဖြင့် ပြင်းစွာ ဝေဒနာခံစားနေရကြောင်း အဖြစ်မှန်ကို ဆင်ခြင်နိုင်ရန်အရှင်ယေရှုက ကျွန်ုပ်တို့အားထပ်မံ ပြောပြ သတိပေးခဲ့သည်(လု၁၆း၂၃-၂၅)။
ချစ်စွာသော လောကခရီးသည်
ငရဲတွင် ပြောမကုန်အောင် ခံရမည့်ဒုက္ခဆင်းရဲကို သင်သည်ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ သင်၏အပြစ်ပြဿနာ ဘယ်လိုဖြေရှင်းနိုင်မည်ကို လေးလေးနက်နက် ဆင်ခြင်လေ့လာပြီးပြီလား
(ခ) ဒုက္ခပမာဏ အစားစားခံရမည်
ငရဲသို့ကျသူတိုင်း ဒုက္ခဆတူခံရကြမည်မဟုတ်ပေ။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးသားချက်နှင့်အညီ တရားစီရင်ခြင်းကို ခံကြရ၏။(ဗျာ၂၀း၁၂)။ လူတိုင်း မိမိအပြစ်ပြုခဲ့သည့် ပမာဏနှင့်အညီ ပြစ်ဒဏ်ခံကြရမည်။ အရှင်ယေရှုခရစ်၏ ပေးဆပ်အသေခံခြင်းကို ယုံကြည်အားကိုးခြင်းမရှိာပဲ မိမိကောင်းမှုကုသိုလ်ဖြင့် အပြစ်ကြေကောင်း ကြေမည်ဟုတွေးထင်ပြီး၊ အဘယ်မျှပင် ကောင်းမှုကုသိုလ် လုပ်စေကာမူ ငရဲသို့ကျမည်ဟု ကျမ်းစာ၌ သတိပေးထားသည်။ အရှင်ယေရှုခရစ်၏ ပေးဆပ်အသေခံခြင်းသာ ငရဲ၌ခံရမည့် အပြစ်ဒဏ်မှ မိမိကို ကယ်ချွတ်ပေးနိုင်ကြောင်း ကိုယ်တော်၏ ကျေးဇူးကရုဏာကို ယုံကြည်အားကိုးပါ။
(ဂ) ဒုက္ခကို ထာဝရခံရမည်
ငရဲသည် အဆုံးမရှိ ထာဝရကာလဆက်ဆက် ဆင်းရဲခံရမည့် နေရာဖြစ်သည်။ အပြစ်သားတို့သည် ပိုးမသေ၊မီးမငြိမ်းရာ၊ ငရဲမီးအိုင်တွင် ကမ္ဘာအဆက်ဆက် နေ့ညဥ့်မပြတ် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရမည်(မာ ၉း၄၄။ ဗျာ၁၄း၉၊၁၁)ဟု ကျမ်းစာ၌ သတိပေးထားပါသည်။
ငရဲသည် အဘယ်သူမျှ မစဉ်းစားချင်၊ မစဉ်းစားရဲလောက်အောင် ကြီးစွာသော ထာဝရ ဒုက္ခဆင်းရဲခံရမည့် နေရာဖြစ်သည်မှာ မှန်ပါသည်။ သို့သော် မစဉ်းစာပဲနေရုံဖြင့် သင်သည်ငရဲမှ လွတ်မည်မဟုတ်ပေ၊ ထို့ကြောင့် အဖြစ်မှန်ကို သိပြီး လွတ်မြောက်ရာလမ်းကို ရှာသင့်ပြီ။

Subscribe to:
Posts (Atom)
