သူတို့ အနေနဲ့ သားသမီးတွေ မွေးလို့ ကိုမ၀နိုင်ပါဘူး....
အမေရိကန်နိုင်ငံ၊ တင်နက်ဆီ ပြည်နယ်က ဇနီးမောင်နှံတို့ ဟာ လွန်ခဲ့ တဲ့ လကပဲ ၎င်းတို့ ရဲ့ ၁၈ ယောက်
မြောက်ရင်သွေးလေးကို မွေးဖွားခဲ့ ပြီး နောက်ထပ် ကလေးရဖို့ ကိုလည်းထပ်ပြီးဘုရားသခင်ထံတော်မှောက်
မှာ ဆုတောင်းနေဆဲပါပဲ...
၎င်းတို့ မိသားစုကတော့ အမေရိကန်နိုင်ငံ၊ အာကန်ဆောပြည်နယ်မှ ဒပ်ဂါ ဇနီးမောင်နှံမိသားစုတို့ ရဲ့ သား
သမီး ၁၉ ဦးစံချိန်ကို ချိုးပြီး တစ်နေ့ မှာ ကမ္ဘာ့ သားသမီးအများဆုံး မိသားစုဖြစ်နိုင်ဖို့ မျှော်လင့် ထားကြပါ
တယ်...
" ဘုရားသခင်ကသာ ချီးမြှင့် ၊ ခွင့် ပြုဦးမယ်ဆိုယင်တော့ ကျွန်တော်တို့ ဟာ သားသမီးတွေ ထပ်ပြီးယူဦးမှာ
ဖြစ်ပါတယ်..." လို့ အသက် ၄၅ နှစ်ရှိ ဖခင်ဖြစ်သူသစ်ပင်၊ပန်းပင်များရောဂါဆိုင်ရာ ကျွမ်းကျင်သူပညာရှင်
က ဂုဏ်ယူဝင့် ကြွားစွာနဲ့ ပြောကြားခဲ့ လိုက်ပါတယ်...
တစ်ကယ့် ကို ဘုရားပေးတဲ့ လက်ဆောင်တွေပါပဲဗျာ....
ဒီဆရာကမှ တစ်ကယ့် လက်ဖြောင့် တပ်သားပါပဲ...
Truly blessed: The Bates family (from left to right) Ellie, Addallee, Isaiah, Warden, Jackson, Katie, Josie, Carlin, Trace, Tori, Alyssa,
Nathan, Lawson, Erin, Michaella, Kelly holding Judson Wyatt and Gil
holding Callie-Anna
Nathan, Lawson, Erin, Michaella, Kelly holding Judson Wyatt and Gil
holding Callie-Anna
" သားသမီးဆိုတာ ဘုရားသခင်ကောင်းချီးပေးတဲ့ ၇တနာပါပဲ...ဘုရားသခင်ကလည်း ကျွန်မတို့ ကို အကြိမ်
ကြိမ်ကောင်းချီးပေးတော်မူပါတယ်...
ကျွန်မတို့ က ကလေးဆိုလည်းအလွန်ချစ်တာမို့ ကလေးတစ်ယောက်မွေးတိုင်း မိသားစုအတွက် ပိုပြီးပျော်
ရွှင်ဝမ်းသာစရာပါပဲ.... ကလေးငယ်တစ်ယောက်မွေးမယ့်အချိန်ဆိုယင် အပျော်ဆုံး၊ စိတ်အလှုပ်ရှားရဆုံး
အချိန်ပါပဲ....
ယောကျာင်္းလေးပဲအရင်မွေးမလား၊ မိန်းကလေးပဲအယင်မွေးမလားဆိုတာကိုပဲ သိချင်နေကြတာပါပဲ..." လို့ 
အသက် ၄၃ နှစ်ရှိ ဘာသာတရားကိုင်းရှိုင်းသည့် အိမ်ထောင်ရှင်မိခင်ဖြစ်သူ ကယ်လီ ကဆိုပါတယ်...
အခုတော့သူတို့ ရဲ့ ဧရာမ မိသားစုကြီးမှာ ဇက်ခ်ျ ( ၂၁ နှစ် )၊ မိုက်ကဲလာ ( ၂၀ နှစ် )၊ အီရင် ( ၁၈ နှစ် )၊
လောဆန် ( ၁၇ နှစ် )၊ နာသန်း ( ၁၆ နှစ် )၊ အယ်လစ်ဆာ ( ၁၅ နှစ် )၊ တိုရီ ( ၁၄ နှစ် )၊ ထရေ့ စ်(၁၃ နှစ်)
ကာလင်း ( ၁၂ နှစ် )၊ ဂျိုစီ ( ၁၁ နှစ် )၊ ကေသီ ( ၁၀ နှစ် )၊ ဂျက်ဆင် ( ၈ နှစ် )၊ ၀ါဒင် ( ၇ နှစ် )၊ အိုင်ရှား
( ၅ နှစ် )၊ အက်ဒါလီး ( ၄ နှစ် )၊ အယ်လီ ( ၃ နှစ် )၊ ကယ်လီအန်နာ ( ၁ နှစ် )၊ နဲ့ ဂျပ်ဆင်ဝိုင်ယက်
( တစ်လ သား ) တို့ ပါဝင်တာဖြစ်ပါတယ်...
သူတို့ မိသားစုနေ့ တိုင်းလာစားရုံနဲ့ တင် စားသောက်တိုင်က အလုပ်ဖြစ်လောက်တယ်...
တစ်ဖက်ထိပ်က ကလေးတွေဘာပြောတယ်ဆိုတာလည်းမကြားနိုင်ပါဘူး...
Feeding the five thousand: The family fill up half a restaurant when they go out on in Lake city, Tennessee - and their own dining table is so large
Dad Gil says he can't hear what's going on at the far end
Dad Gil says he can't hear what's going on at the far end
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်းအိမ်သာ ၈ ခန်း၊ မီးဖိုချောင် ၂ ခု၊ ၁၄ ပေအရှည်ရှိ စားပွဲကြီးတစ်လုံးပါဝင်တဲ့ ထ
မင်းစားခန်းကြီးတစ်ခု နဲ့ ကလေးထိန်းခန်း၊ စာသင်ခန်းတို့ ပါဝင်တဲ့ အိမ်ကြီးတော့ ဖခင်ဖြစ်သူ ဂျီလ် ကထပ်
ပြီး တိုးချဲ့ နေရလို့ အလုပ်များနေရရှာပါတယ်...
၎င်းတို့ မိသားစုဟာ ကလေးတွေရဲ့ အ၀တ်တွေတော်တော်များများကို ကိုယ်တိုင်ချူပ်လုပ်ကြတာဖြစ်ပြီး အိမ်
ထဲမှာ တီဗီတစ်လုံးထားဖို့ တောင်ငြင်းဆန်ခဲ့ ကြပြီး သူတို့ ရဲ့ အားလပ်ချိန်များမှာ အပျင်းပြေကစားနည်းလေး
များ၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများတီးခတ်သီဆိုခြင်းတို့ ဖြင့် အပန်းဖြေကြပါတယ်...
အပါတ်စဉ်အားလပ်ရက်များမှာတော့ ၎င်းတို့ မိသားစုဟာ အသက်အရွယ်ကြီးသူ ဘိုးဘွားများရဲ့ နေအိမ်
တွေကို သွားရောက်ပြီး ကျက်သရေမင်္ဂလာရှိပါစေကြောင်း ဆုမွန်ကောင်းသီချင်းများသီဆိုပေးကြပါတယ်...
တပ်ရင်းတစ်ရင်းစာလောက်တော့ အသာလေးပဲ....
ကိုယ်ပိုင်ပါတီထောင်ရင် မဲအတွက်ပူစရာမလိုတော့ ဘူး...
Expanding home: Gil, a tree surgeon, is currently extending their five-bedroom, eight-bathroom property in Lake City to make more space
ဖခင်ဖြစ်သူ ဂျီလ်က သစ်ပင်ပန်းမန်ထိန်းသမ်းပြုစုရေးလုပ်ငန်းကိုသားအကြီးတွေ နဲ့ အတူလုပ်ဆောင်လျှက်
ရှိပြီး ဇနီးဖြစ်သူ အိမ်ရှင်မ ကယ်လီက ကလေးငယ်များအားလုံးကို အိမ်မှာပဲ စာသင်ကြားပေးပါတယ်...
သူတို့ မိသားစုဟာ ကြက်ဥ ၄၈ လုံး၊ ၀က်ပေါင်ခြောက် လေးထုပ်၊ ကိတ်မုန်အလုံး ၄၀ နဲ့ ပေါင်မုန့် အထုတ်
ကြီး နှစ်ထုတ် ကုန်တဲ့ နေ့ စဉ် နံနက်စာအပါအ၀င် အပါတ်စဉ် ကုန်ကျတဲ့ အစားအသောက်ပမာဏကြီးကို
အလျင်မီအောင် စီစဉ်နေရပါတယ်...
၁၉၈၆ မှာ တွေ့ ခဲ့ ကြပြီး ၁၉၈၇ မှာ လက်ထပ်ပြီးကတည်းက နားရတယ်မရှိပါဘူး...
ကလေးမွေးရတာပြောပါတယ်...
Most recent additions: Gil and Kelly met at college in 1986, married in 1987 and she fell pregnant soon after. Here they are holding Callie-Anna,
one, and month-old Judson Wyatt
one, and month-old Judson Wyatt
ထမင်းစားပွဲကြီးဆိုယင်ကြီးလွန်းလို့ တစ်ဖက်ထိပ်က ဘာပြောသလဲဆိုတာ တစ်ကယ်ကိုမကြားရတာပါ လို့ 
ဂျီလ် ကပြောခဲ့ ပါတယ်...
အိမ်မှာတော့ အ၀တ်လျှော်စက်ကြီးက လေးလုံး၊ စက်ရုံသုံး အ၀တ်အခြောက်ခံစက်ကြီး က နှစ်လုံး နဲ့ တစ်
နေ့ တစ်နေ့ အ၀တ်ထုတ်ကြီး ၇ ခုစာကို လျှော်ဖွတ်နေကြရတာပါ....
" ကလေးတွေကလည်း တာဝန်သိတတ်ဝိုင်းကူကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း ဂရုစိုက်ကြပါ
တယ်...အခုဆိုယင် ကျွန်မအနေနဲ့ ချက်ပြုတ်စရာတောင်မလိုသလောက်ပါပဲ..." လို့ ကယ်လီကဆိုပါတယ်...
ဂျီလ် နဲ့ ကယ်လီတို့ ဟာ တောင်ကာရိုလိုင်းနားက တက္ကသိုလ်တစ်ခုမှာ ၁၉၈၆ ခုနှစ်မှာတွေ့ ဆုံခဲ့ ကြတာ
ဖြစ်ပါတယ်...
သူတို့ ဟာ ၁၉၈၇ ခုနှစ်မှာလက်ထပ်ခဲ့ ပြီးနောက်မကြားမီ ကယ်လီ ဟာကိုယ်ဝန်ရှိလာခဲ့ ပါတယ်...
" အသက်ငယ်စဉ်တုံးကတော့ ကျွန်မအနေနဲ့ ကလေးလုံးဝမလိုချင်ခဲ့ ပါဘူး...ကျွန်မက အလုပ်လုပ်တဲ့ အိမ်
ထောင်ရှင်မ၊ မိခင်တစ်ဦးဖြစ်ချင်ခဲ့ ပါတယ်...
ကလေးထိန်းရတာကို ကျွန်မ မကြိုက်ဘူး...ဒါပေမယ့် အချိန်တွေကြာလာတဲ့ အမျှ ဘုရားသခင်က ကျွန်မရဲ့ 
နှလုံးသား၊ ခံစားချက်ကို ပြောင်းပေးခဲ့ လိုက်ပါတယ်...
ဂျီလ် ကောလိပ်ကျောင်းပြီးတဲ့ နောက်ပိုင်းမှာတော့ သားသမီးတွေ ဆက်တိုက်မွေးလာပါတော့ တယ်....
အိမ်ထောင်သက် ပထမ ၁၅ နှစ်အတွင်းမှာ ကယ်လီ ဟာ နှစ်တိုင်းကိုယ်ဝန်ဆောင်ခဲ့ ရပါတယ်...
" ကိုယ်ဝန်ရှိတဲ့ အချိန်ထက် ကိုယ်ဝန်မရှိတဲ့ အချိန်က ပိုပါတယ်..." လို့ ကယ်လီ ကဆိုပါတယ်...
" ကျွန်မကတော့ မောင်နှမတွေ အများကြီးရှိတာ အမြဲပဲသဘောကျပါတယ်..." လို့ အသက် ၂၁ နှစ်ရှိ အရန်
မီးသတ်တပ်ဖွဲ့ ဝင်လည်းဖြစ်၊ ဖခင်ဖြစ်သူနဲ့ အတူ အလုပ်လုပ်နေသူလည်းဖြစ်တဲ့ ဇက်ခ်ျ က ဆိုပါတယ်...
" အမြဲတမ်းတစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကစားဖို့ လူရှိနေတာပါပဲ...အဖော်ကတော့ အမြဲတမ်း
ရှိနေတာပါပဲ...ဒါကြောင့် အထီးကျန်တယ်၊ တစ်ယောက်တည်းဖြစ်တယ်ဆိုတာ ဘာမှန်းတောင် မသိပါဘူး.."
လို့ လည်း သူကဆိုပါတယ်...
၎င်းတို့ ဇနီးမောင်နှံရဲ့ ၁၆ ယောက်မြောက်ရင်သွေး ၃ နှစ်သမီး အယ်လီ မွေးပြီးနောက် ကယ်လီဟာ ကိုယ်
ဝန် ၂ ကြိမ် ပျက်ကျခဲ့ ရပါသေးတယ်...
" အဲဒါဟာ ကျွန်မတို့ ဘ၀မှာ အခက်အခဲဆုံးအချိန်တွေပါပဲ... " လို့ ၎င်းရဲ့ သားသမီး ၁၁ ဦးကို မွေးဖွားရာမှာ
ကိုယ်တိုင်ပါဝင်ကူညီခဲ့ တဲ့ ဂျီလ် ကဆိုပါတယ်...
ကိုယ်ဝန်ပျက်ကျရတာဟာ ခန္ဓာကိုယ်မှာ ပရိုဂျက်စတုံး ဓါတ်များလျော့နည်းတာကြောင့် ဖြစ်ခဲ့ ရတာလို့ ဆ
ရာဝန်တွေက ဆိုခဲ့ ကြလို့ ဟိုမုန်းဓါတ်များ အစားထိုးပြုပြင်မှု ပြုလုပ်ခဲ့ ပြီးနောက် သူမဟာ ကိုယ်ဝန်ထပ်ပြီး
ရှိလာခဲ့ ပါတယ်...
မကြောက်ပါနဲ့ အားလုံးမောင်နှမ အရင်းတွေချည်းပါပဲ....
အနိုင်ကျင့် ဖို့ တော့ စိတ်တောင်မကူးနဲ့ ...
ကောင်မလေးတွေဆိုလည်းစိတ်နဲ့ တောင်မပြစ်မှားမိစေနဲ့ ...
Spreading goodwill: At weekends, the family go out singing at old people's homes. 'We wouldn't change our family for the world,' says Nathan, 17
၁၇ ယောက်မြောက် သမီး ကလ်လီအန်နာဘိတ်စ် ကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှာမွေးခဲ့ ပါတယ်...
၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့ မှာတော့ မိသားစုရဲ့  ၈ ယောက်မြောက်သားယောကျာင်္းလေး၊
၁၈ ယောက်မြောက် ရင်သွေးကို မွေးဖွားခဲ့ ပါတယ်....
မောင်နှမတွေ တစ်ခါတစ်ရံ ငြင်းကြခုန်ကြရှိပေမယ့် လည်း ၎င်းတို့ ဟာ ချစ်ခင်ကြတဲ့ စုစည်းတဲ့ မိသားစု
ကြီးတစ်ခုဖြစ်ပါတယ် လို့ ဘိတ်စ် တို့ ကဆိုပါတယ်...
" ကျွန်တော်တို့ အားလုံးထဲက ဘယ်သူမှ မိသားစုကြီးအတွက် ဘာနဲ့ မှလဲမှာမဟုတ်ပါဘူး..." လို့ လည်း အ
သက် ၁၇ နှစ်ရှိ နာသန်း ကပြောကြားခဲ့ ပါတယ်....
" လက်ရှိအခြေအနေမှာ ယောကျာင်္းလေးက ၈ ယောက်၊ မိန်းကလေးက ၁၀ ယောက် ရှိနေပါပြီ...
ကျွန်တော်တို့ ဟာ ( ကမ္ဘာ့ မှတ်တမ်းဝင်ဖို့ ) ယှဉ်ပြိုင်ကြိုးစားနေကြတာပါ...အမေ့ အနေနဲ့ နောက်ထပ်
သားယောကျာင်္းလေး နှစ်ယောက်ဆိုယင်ရလောက်ပါပြီ..." လို့ နာသန်းက ပြောဆိုခဲ့ ပါတယ်...
ဘုရားပေးသမျှ၊ မွေးမယ်ဆိုတာ သူတို့ လင်မယားကမှ အစစ်ဖြစ်နေပြီ....
No comments:
Post a Comment