“မင်္ဂလာပါ” ကလန်း မြန်မာ ခ၇စ်ယာန် မိဿဟာယ မှ နွေးထွေးစွာ ကြိုပါသည်။ ၀တ်ပြုချိန်-အပါတ်စဉ် (တနင်္ဂနွေနေ့)ည ၄း၀၀ မှ ၆း၀၀ ထိ.

Wednesday, November 24, 2010

အထုပ္မတိအားဖြင့် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Biographies )

သမ္မာကျမ်းစာသည် ဘုရားသခင်က လူသားတို့ကို၎င်း လူသားတို့အားဖြင့် ၄င်း မိမိကိုယ်ကို ထင်ရှားဖေါ်ပြသော မှတ်တမ်းတအုပ်ပင်ဖြစ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် အထ္ထုပ္ပတိပိုင်းဆိုင်ရာ လေ့လာစရာများဖြင့် ကြွယ်ဝလျှက်ရှိသည်။ အချို့ကို ဘော်ပြရသော်
နောဧ ၏ အသက်တာ က ၅း၃၂ - ၁၀း၃၂
အာဗြာဟံ၏ အသက်တာ က ၁၂ - ၂၅
ယောသပ်၏ အသက်တာ က ၃၇ - ၅၀
ဒေဗောရ ၏ အသက်တာ သူကြီး ၄ - ၅
ကျမ်းစာတွင်ပါဝင်သော အထ္ထုပ္ပတိကြီးများကို လေ့လာရန် နည်းအမျိုးမျိုးရှိပါသည်။
၁။ မိမိလေ့လာလိုသော ပုဂ္ဂိုလ်၏ ဘ၀အသက်တာ၏ ထင်ပေါ်ထူးခြားသည့်အကြောင်း ပါသောကျမ်းသို့မဟုတ် ကျမ်းပိုဒ်များကို ဖတ်ပါ။ ဥပမာ အာဗြာဟံ အကြောင်းကို ကမ္ဘာဦးကျမ်း (၁၂ - ၂၅) တွင် ၄င်း။ ဟေဗြဲသြ၀ါဒစာ (၁၁) နှင့် ရောမသြ၀ါဒစာ (၄) တွင်၎င် ညွှန်းထားသည်။
၂။ ယင်းပုဂ္ဂိုလ်၏ အကြောင်းကို အက္ခရာစဉ် ကျမ်းညွှန်းတွင် လိုက်ရှာပါ။
၃။ ကျမ်းချက်များ၏ အစိတ်အပိုင်းတွင် သွယ်ဝိုက်၍ ညွှန်းထားသည်ကို ဂရုပြု မှတ်သားပါ။

No comments:

Post a Comment